အီးအမ် ဘိုကာရှီ ဇီဝမြေသြဇာသည် ကျေးလက်ဒေသတွင်
တောင်သူဦးကြီးများသိထားရသည့် အကျိုးပြု အဏုဇီဝ Effective Microganism (E
M) ကိုအခြေခံဆင့်ပွားထားသော သဘာဝဓါတ်မြေသြဇာကို
စိုက်ပျိုးရေးလုပ်ငန်းများ၌ တွင်တွင်ကျယ်ကျယ်
အသုံးပြုလျှက်ရှိကြပါသည်။သို့ရာတွင် အီးအမ်ဇီဝ ဖျော်ရည်သည် အခြားသော
ကဏ္ဍများတွင်လည်း လူ့အဖွဲ့အစည်းကိုနည်းအမျိုးမျိုးဖြင့်
ဘက်စုံအကျိုးပြုနေသည်ကို မူသိရှိသူနည်းကြသည်။ အီးအမ် ကိုစိုက်ပျိုးရေး ကဏ္ဍ
တွင် မြေသြဇာ အဖြစ်သာမက မွေးမြူရေး၊သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေး နှင့်
အိမ်တွင်းသန့်ရှင်းရေးနှင့် လူသားတို့်၏ကျန်းမာရေး အတွက်
ဆေးတစ်ခွက်အဖြစ်ပါသုံးစွဲနိုင်သည်။
EM ဆိုသည်မှာ
EM ကို သာမန်လူများ နားလည်လွယ်အောင်ဖေါ်ပြရလျှင် အချည်ဖေါက်ထားသော
ဇီဝဖျော်ရည် တစ်မျိုးဖြစ်သည် ဗမာတို့ နှစ်သက် သောက်သုံးတက်သော ဒိန်ချည်
(သို့မဟုတ်) အနောက်တိုင်းသားတို့ နှစ်သက်လှသော ဒိန်ခဲ တွင်ပါဝင်သည့်
အလင်းခံ၌ အချည်ဖေါက်ထားသော ဓါတ်ပစ္စည်း ( လက်တစ်အက်စစ်၊ ဘက်တီးရီးယား)
အရက်ချက်ရာ၌ ကဇော် ဖေါက်ခြင်း ပါမုန့်ဖုတ်ရာ၌ ဂျုံး ကိုဖေါက်ခြင်း
၊စသည့်တို့၌ သုံးသည် တဆေး (ယိစ်) ၊ စိမ်းပြာရေညှိနှင့် အမျိုးတော်သည်
အညှိ ဓါတ်တစ်မျိုး (ဖို တို ထရော့ဖ် ဘက်တီးရီးယား) စသည့် ဓါတ်ပစ္စည်းများ
ကို သကာရည် ၊ တင်လဲရည်တွင် ဖျော်ထားခြင်းပင် ဖြစ်သည်၊ဒိန်ချည်သည်
အူလမ်းကြောင်း အတွင်းရှိ အဖျက်ပိုးများကို သေစေပြီး အစာကြေ
လေ၀မ်းမှန်စေကာ ကျန်းမာရေးအတွက် အထူးကောင်းမွန်
ကြောင်းလူသိများသည်၊ကဇော်ဖေါက်သည့် တဆေးမှာလည်း ဗီတာမင်များ
ထုတ်လုပ်ပေးရာတွင် နံမည်ကြီးသည် တစ်ချိန်က ဘီပီအိုင် စက်ရုံမှ
ထုတ်လုပ်ပေးခဲ့သော ဘားပလက်၊ ကွန်းပေါင်းဗီတာမင်ဆေးပြားများသည်
အရက်ချက်စက်ရုံးများမှ ပိုလျှံသော တဆေးများကို အခြေခံ၍ ထုတ်လုပ်ခြင်း
ဖြစ်သည်။ တဆေး၏အစွမ်းကို သိသော တရုတ်လူမျိုးတို့က ကြက်ဥနှင့် ကဇော်
ဖက်ကို ရောစပ်၍ ကြက်ဥ ကဇော်ကို မဟာအားဆေး ဓါတ်စာ
တစ်ခုအဖြစ်စားသောက်လေ့ရှိကြသည်။ စိမ်းပြာရေညှိ မှာလည်း အစွမ်းထက်သော သြဇာ
ဓါတ်တစ်မျိုး ဖြစ်ကြောင်း လူတိုင်းသိပြီ ဖြစ်သည် ။အဆိုပါ
ဓါတ်ပစ္စည်းများကို ပေါင်း စပ်လိုက်သောအခါ လူကို ဥပါဒ် မပေး တက်သော ဓါတု
ဆေးဝါးများဖြင့် ထုတ်လုပ်ခြင်းမဟုတ်သော သဘာဝနည်းစဉ် ဖြင့် ထွက်ပေါ်လာသည့်
အစွမ်း ထက် ဇီဝဖျော်ရည် ရရှိလာာခြင်း ဖြစ်သည်။ EM ဖျော်ရည်
အစွမ်းထက်ရခြင်းမှာ ဖျက်ပိုးများကို နှိမ်းနင်းပေးခြင်း၊ ဇီဝ
ပစ္စည်းများကို ဆွေးမြေ့အောင် လုပ်ပေးခြင်းနှင့် အကျိုးပြု သြဇာ ဓါတ်များ
ထုတ်ပေးခြင်းဟူသော အဓိက အစွမ်း သတ္တိ ၃ မျိုးကြောင့် ဖြစ်လေသည်။ဒိန်ချည်
တွင် ပါဝင်သည့် အချည် ဓါတ် အလင်းများက ပိုး သတ်ရာတွင် အစွမ်းထက်သည့်
ပစ္စည်းနေသော ဇီဝပစ္စည်းများ အသားမျှင်များကို အမြန်ဆုံးဆွေးမြေ့
သွားစေသည်။ လူ/ တိရိစ္ဆာန် တို့၏အညစ်အကြေးများ ၊ ပုတ်သိုးသော အစားအစာများ
၊အမှိုက်များ၊ အသေကောင်ပုတ်များ လေ၀င်လေထွက်နည်း၍ အစိုပြန်သော အခန်းများ
၊ အနံအသတ် နံစောခြင်းမှ မကောင်းသော ရော ဂါ သယ်ဆောင်သော ဘက်တီးရီးယား
ပိုးမွှားများကြောင့် ဖြစ်သည်။ ယင်းပိုးများကို အချဉ် ဓါတ်ဖြစ်စေသည့်
အကျိုးပြုပိုးများက သတ်ပစ်လိုက်သည့် အတွက် အနံ အသတ်နှင့် ကျန်းမာရေးကို
ကောင်း စေခြင်း ဖြစ်သည်။
တဆေး ဓါတ်က သက်ရှိများ ၏ဇိဝ ဖြစ်စဉ်ကို လှုံ ဆော် ထိမ်းကြောင်းပေးသော
ဟော်မုန်းဓါတ်များနှင့် အင်ဇိုင်းများကို ထုတ်လုပ်ပေးသည်။ ဒိန်ချဉ်
အလင်းဓါတ် နှင့် အညှိ ဓါတ်များ ပိုမို တိုးပွား အားကောင်းလာစေရန်လည်း
ထောက်ပံ့အားပေးသည်။အညှိဓါတ် ကမူ အပုတ်အသိုးဆွေးမြေ့နေသော ဇီဝ
ဓါတ်ပစ္စည်းများ အနံအသတ်ဆိုးသော ကန့်အောက်ဆိုဒ် ဓါတ်ငွေ့များကို
နေရောင်ခြည်နှင့် မြေတွင်းမှ အပူဓါတ်တို့ဖြင့် ချက်လုပ်ပေးသည့်
သကြားဓါတ်နှင့် အခြားအကျိုးပြု ဓါတ်ပစ္စည်းများကို ထုတ်လုပ်ပေးသည်
အညှိဓါတ် ကထုတ်လုပ်ပေးသည့် သကြားဓါတ်သည် အချဉ်ဖေါက်ရာတွင်
အသုံးတည်ပြန်သည်။
EM အသုံးများ
EM ကိုအဓိက အားဖြင့် စိုက်ပျိုးရေး တွင် သုံးသည်မြေပြင်ချိန်မှ စ၍
ရိပ်သိမ်ြး့ပီးချိန်ထိ EM ကို အမျိုးမျိုးသုံးနိုင်သည်။ EM သည်
မြေဆီလွှာကို ချဉ်ငန် ဓါတ် သင့်တင်မျှအောင် ထိန်းပေးသည်။
အပင်အားကောင်းစေသည် အသီးအပွင့်လှသည်။ အသီးအပွင့် အရွက်များ၌ ဗီတာမင်နှင့်
အဟာရ ဓါတ်များ ကြွယ်ဝ စေသည် ပေါင်းရှင်းရ သက်သာစေသည် ၊ ရောဂါပိုး
အကျနည်းသည်။ရိပ်သိမ်းပြီးချိန်၌ EM ဖြန်းပေးပါက စွန့်ပစ်အရိုးအရွက်များ
လျှင်မြန်စွာဆွေးမြေ့က မြေသြဇာ ဖြစ်ပြီး မြေနှပ်ပြီးသွား ဖြစ်သွားစေသည်။
EM ကို မွေးမြူရေး၌လည်း အသုံးပြုနိုင်သည် ကြက်ခြံများ၌ အောက်စပါးခွံတွင်
EM ဖြန်းထားပါက အနံဆိုးပျောက်သည် ကြက်သောက်ရေ တွင် အနည်းငယ်ထည့်တိုက်ပါက
ကြက်များရောဂါ ကင်းပြီး ဥနှုန်းကောင်းသည် ဥအရွယ် ပို၍ကြီးသည်
ဝက်များတွင်လည်း EM ကိုအစာ၍ ထည့်ကျွေးလျှင် အသားတိုးကောင်းပြီး
ရောဂါကင်းစင်ပြီး နွားများ၍လည်း အလားတူပင် ဖြစ်သည်။ ၀က်ချေး
နွားချေးပုံများ၌ EM ကို ရော၍ ဖြန်းထားပါက အနံဆိုးပျောက်၍ မြေဆွေး
ဖြစ်လွယ်သည်။ EM ဖြန်းထားသော နွားချေးမြေဆွေးက ပို၍ မြေသြဇာကောင်းသည်။
ငါးကန်ပုဇွန် ကန်များ ၍ EM ထည့်ပေးပါက ငါး ပုဇွန်များ ရောဂါကင်းပြီး
အသားတိုးသည်။ အမိုနီးယား ဓါတ်ငွေ့ ထွက်ခြင်း လျှော့ပါးစေသည်
သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက်လည်း EM ကို
များစွာအသုံးပြုလျှက်ရှိသည်။ မြို့ကြီးများ၍ အမှိုက်ပုံကြီးများကို EM
ထည့်၍ နှပ်ထားလိုက်ပါက အနံအသက် ကင်း စင်ပြီး အလျှင်အမြန်မြေဆွေး
ဖြစ်သွားသည်။ ယင်ကောင်များ မပေါက်ဖွားစေရန် ဟန်တားပေးသည်။ အမှိုက်ထုထည်
လျှော့ကျသွားစေသည်။ မိလ္လာရေဆိုး စနစ်များတွင်လည်း EM ဖျော်ရည် ထည့်၍
စစ်ထုတ်ပါက ရောဂါပိုး ကင်းစင်၍ သန့်ရှင်းသော ရေသန့်များပြန်ထွက်လာသည်
။ကြွမ်းကျန်သော အညစ်အကြေးမှာလည်း လျှင်မြန်စွာဆွေးမြေ့၍
ထုထည်ရာခိုင်နှုန်း ၈၀ ခန့် လျှော့ကျသွားသည်။ညစ်ညမ်းသော စက်မှုသုံးရေများ
အဆိပ်သင့် ဓါတုပစ္စည်းများ ရောနှောနေသော မြေကြီးများကို သန့်စင်ရာ၌လည်း Em
ကိုသုံးသည်။ သဘာဝရေအိုင်ရေ ကန်များညစ်ပတ်နေလျှင် ရေညှိမှော်များနေလျှင်
သန့်ရှင်း စင်ကြယ်စေရန်လည်း Em ကို သုံးသည်။
သန့်ရှင်းစေပြီး အနံဆိုး ပျောက်စေသောကြောင့် EM ကို အိမ်သုံး ပစ္စည်း
အဖြစ်ပါ တွင်တွင်ကျယ်ကျယ် သုံးလာကြပြီး ဖြစ်သည်။ ခြေအိတ်စွတ်
ရှုးဖိနပ်စီးသူများ ခြေထောက်နံစော်ခြင်း ပျောက်စေရန် EM နှင့်
အမွှေးနံပေါင်း စပ်ထားသော ရေနွေးဖြင့် စိမ့်ကြသည်။ အိမ်သာ ဆေးခြင်း၊
ပုဂံရေဆေးခြင်း ၊ အမှိုက်ပုံဆေးခြင်း ကြမ်းတိုက်ခြင်းမှ အစ မော်တော်ကား
အနံအသက်ပျောက်ဆေး အထိ EM က နေရာယူလာသည်။ ဟင်းသီးဟင်းရွက် အသားငါး
စဉ်နီတုံး ဆေးကြောခြင်းမှ အစ EM ရော စပ်ထားသော ရေကိုသုံးလာပြီး ဖြစ်သည်။
အမြင်ကျယ်သူများက EM ကို လူတို့သောက်သုံးသည့် ကျန်းမာရေး အဟာရ အဖြစ်
ဖျော်ရည် အဖြစ် တီထွင်ထုတ်လုပ်လာသည်။ တောင်အာဖရိကမှ သောက်သုံးသူများ၏
အဆိုအရ ၄င်း ဖျော်ရည်သည် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကိုယ်တွင်းရှိ
မကောင်းသော ပိုးများကို နှိမ်းနင်းပေးသည့်အတွက် AIDS ရောဂါသည်များပင်
အနာများပျောက်ကာ ကျန်းမာရေး ကောင်းလာသည်ဟု ဆိုကြသည်။ အထူးသဖြင့်
အပုတ်အစပ်ကို နိုင်သည် ဆီးချိုကြောင့် မပျောက်နိုင်သော အနာဆွေးများ
အစာချက်နည်း ၍ ခေါင်းမူးခေါင်းကိုက်ခြင်းများ အစာမစားနိုင်၊ အားနည်းသော
နာတာရှည် ရောဂါသည်များ နှင့် အထူးသင့်လျှော့သည် ဟုဆိုသည်။
လေဘေးသင့်ဒေသများအတွက် EM
နာဂစ်မုန်တိုင်း ကြောင့် လေဘေးသင့် ခဲ့သော ဧရာဝတီတိုင်း မှ ဒေသများတွင်
အဓိက ပြဿနာကြီး နှစ်ခုရှိနေသည်။ ပထမ တစ်ခုမှာ ကျန်းမာရေး ပြဿနာဖြစ်သည်။
ဒုတိယတစ်ခုမှာ စီးပွားရေးလုပ်ငန်းဖြစ်သည့် လယ်ယာနှင့်သားငါးလုပ်ငန်းများ
ပြန်လည်လုပ်ကိုင် နိုင်ရေး ဖြစ်သည်။
ပထမဦးစွာ ကျန်းမာရေးနှင့် ပတ်သက်၍ သန့်ရှင်းသော သောက်သုံးရေ
ရရှိရေးသည်အဓိက ဦးစားပေး ကိစ္စဖြစ်သည်။ လက်ရှိထောက်ပံ့နေသောရေသန့်ဘူးများ
ရေသန့်စင်များသည် စရိတ်ကုန်ကျများသည်။ ထို့ကြောင့် ပံ့ပိုးနိုင်သည့်
ကာလ၊ပမာဏ ကန့်သတ်ချက်ရှိနိုင်သည်။ရပ်ရွာများတွင်အစဉ်အလာအရ မိုးရေများကို
လှောင်ထားသည့် သောက်သုံးရေကန်များရှိသည်။ယင်းကန်များမှာ
မုန်တိုင်းဒဏ်ကြောင့် ညစ်ညမ်းနေသည်။ ထိုကန်များကို
သန့်ရှင်းအောင်လုပ်ရာတွင် အလွယ်ဆုံးနှင့် စရိတ်အနည်းဆုံးနည်းမှာ EM
ပင်ဖြစ်ပေသည်။ EM ကိုရေ အဆ ၁၀၀၀ လျှင် EM ၁ ဆနှုန်းထည့်ပေးပါကရေသည် PH 7
အဆင့်မြင့်ပိုးသတ်ပြီး သားဖြစ်သွားမည့် အပြင် ကန်ထဲတွင်ကျနေသော
အမှိုက်သရိုက်များ၊ အကောင်ပုတ် စသည့် တို့လည်း လျှင်မြန်စွာ
ဆွေးမြေ့ပျောက်သွားမည် ဖြစ်ပါသည်။
ဝမ်းနှင့် ပတ်သက်သော ရောဂါများမပြန့်ပွားရေးအတွက် အိမ်သာသည်
အဓိကဖြစ်သည်။ရွက်ဖျင်တဲများ စု၍နေကြသော ကယ်ဆယ်ရေး စခန်းများတွင် စုပေါင်း
အိမ်သာများ၌ ကျင်းအတွင်း EM ကို ရေနှင့် ၁း၁၀၀ ဖြင့်လောင်းထည့်ပါက
ပိုးသတ်ပြီးဖြစ်ကာ ယင်များ မပေါက်ဖွားနိုင်ပါ။ ရွာအမှိုက်ပုံများတွင်လည်း
အလားတူ EM ဖြန်းထားပါက ယင်ပေါက်ပွားမှုကင်းပြီး သဘာဝ မြေသြဇာ
မြေဆွေးများရရှိနိုင်မည် ဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့် ပက်သက်ပြီး EM ဘိုကာရှီးသဘာဝ မြေသြဇာလုပ်ပြီး
အတိုင်းအတာ တစ်ခုအထိဖြည့်ဆည်း ပေးနိုင်ပါသည်။မုန်တိုင်းဒဏ်ကြောင့်
လဲကြနေသောသစ်ပင်များမှ သစ်ကိုင်းများ၊ သစ်ခတ်များ၊သစ်ရွက်များကို EM
ဖြန်းထားပေးခြင်း ရောနှောပေါင်းစပ်ကာ မြေဆွေးလုပ်နိုင်ပါသည်။ EM သည်
မြေဆီလွှာ ချဉ်ငံ့ဓါတ်ကို မျှတအောင်သတ္တိရှိရာ ဆားငံ့ရေ ၀င်ထားသော
လယ်မြေများအတွက် အကျိုးရှိနိုင်သည်။
ငါးပုဇွန်ကန်များအတွင်း အထွက်တိုးစေရေးအတွက် EM က အထောက်အကူပြုနိုင်ပါသည်။
EM ကိုဘယ်မှာ ရနိုင်မည်
မြန်မာနိုင်ငံ၌ EM ကို မြန်မာစိုက်ပျိုးရေး လုပ်ငန်းက
သုတေသနပြုထုတ်လုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလျှက်ရှိသည်။ အလားတူပင်
သိပ္မံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာဌာနက လည်း သုတေသနပြုလျက်ရှိပါသည်။
(အထက်ပါ ဆောင်းပါးအား သာကီနွယ် မြန်မာသတင်း ၀ဘ်ဆိုဒ် ကျေးလက်ကဏ္ဍ မှ
ကူးယူဖော်ပြပါသည်။
Monday, December 14, 2015
Friday, December 11, 2015
Mobile Phone နှင့်ကျန်းမာရေး အန္တရာယ်
Mobile Phone နှင့်ကျန်းမာရေး အန္တရာယ် (မျှဝေပေးကြပါ )
မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ ဓါတ်ရောင်ခြည် Radiation တွေက လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေမှုရှိတယ်ဆိုတာဟာ လတ်တလော စိတ်ဝင်စားမှုအကောင်း ဆုံးနဲ့ လေ့လာစမ်း သပ်မှုတွေပြု လုပ်နေကြတဲ့အရာတစ်ခုဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်းဖုန်း အသုံးပြုမှုဟာ တကမ္ဘာလုံး ( ၂၀၀၉ ခုနှစ် ဂျွန်လအထိဆိုရင် 4.3 billion တောင်ရှိပါတယ် ) များပြားလာတဲ့အတွက်ဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းတွေဟာ သေးငယ်တဲ့ လှိုင်းနှုန်း Microwave မှာ Electromagnetic radiation တွေကို အသုံးပြုပါတယ် ။ တခြား ၀ါယာ လက် စနစ်တွေဖြစ်တဲ့ Data Communication networks တွေမှာလည်း ဒီလိုအလားတူ radiation တွေကို အသုံးပြုကြပါတယ် ။
WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိုဘိုင်းဖုန်း ကထွက်တဲ့ ဓါတ်ရောင်ခြည်ကို IARC scale ပေါ် မူတည်ပြီးတော့ Group 2B ( ကင်ဆာဖြစ်နိုင်ခြေရှိသော ) အဆင့်လို့ သတ်မှတ်ထားပါတယ် ။ ဘာကိုဆိုလိုသ လဲဆိုတော့ ကင်ဆာဖြစ်နိုင်ချေရှိခြင်း Carcinogenicity ဟာ မိုဘိုင်းဖုန်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း နဲ့များများ အသုံးပြုခြင်းတို့ဟာ ကင်ဆာ နဲ့ဆက်နွယ်မှုရှိနေတယ်ဆိုတာပါပဲ ။ ဒါကြောင့်အချို့သော နိုင်ငံတွေမှာ ဓါတ်ရောင်ခြည် အကြံပေးအဖွဲ့တွေက မြို့နေလူထုထဲမှာ ဒီအန္တရာယ်ကိုလျော့ချဖို့အတွက် precautionary approach လို့ခေါ်တဲ့ မဖြစ်ခင်ကြိုတင်ကာကွယ်သတိထားနည်းလမ်းကို စတင်ကျင့်သုံးနေကြပြီဖြစ်ပါတယ် ။
များစွာသော လေ့လာစမ်းသပ်မှုတွေကနေပြီး မိုဘိုင်းဖုန်းတွေရဲ့ ဓါတ်ရောင်ခြည်တွေကနေ ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ရှိသလဲဆိုတာ လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ ဒီလိုလေ့လာစမ်း သပ်မှုတွေ ကို လည်း များစွာသော သိပ္ပံဆိုင်ရာ ကော်မတီတွေကနေပြီး ဖြစ်နိုင်ခြေရှိမှုအကုန်လုံး ကို ပြန် လည်လေ့ လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ လတ်တလော accessment တစ်ခုကတော့ ၂၀၀၇ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ European Commission Scientific Committee on Emerging and Newly Identified Health Risks ( SCENIHR ) ပဲဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းကနေထုတ်လွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေရဲ့ တချို့ကို လူတွေရဲ့ဦးခေါင်းကနေ စုပ်ယူပါတယ် ။ ရေဒီယိုဝေ့ဖ်တွေဟာ GSM ဟမ်းဆက်မှာဆိုရင် peak power - 2 watt ရှိပြီး US analogue phone တွေမှာတော့အမြင့်ဆုံး ထုတ်လွှတ်တဲ့ စွမ်းအင်ဟာ 3.6 watt တောင် ရှိပါတယ် ။ တခြား မိုဘိုင်းနည်းပညာတွေဖြစ်တဲ့ CDMA2000 နဲ့ D-AMPS တွေကတော့ ဒီထက်ပိုနည်းတဲ့ စွမ်းအင်ကို အသုံးပြုကြပြီး 1 watt အောက်မှာပဲရှိပါတယ် ။ အမြင့်ဆုံးဘယ်လောက်ထိ စွမ်းအင်ထုတ်သလဲဆိုတာကတော့ တိုင်းပြည်တစ်ပြည်မှာသုံးစွဲနေတဲ့ mobile phone standard အပေါ်မူတည်နေပါတယ် ။ USA မှာဆိုရင်တော့ FCC လို့ခေါ်တဲ့ Federal Communications Commission ကနေပြီး SAR သတ်မှတ်မှုကို 1.6 W/kg လို့ သတ် မှတ်ထားပြီး ဦးခေါင်းထဲက တစ်ရှူးတွေထဲမှာ ပျမ်းမျှ တစ်ရှူး ၁ ဂရမ်ကို လွှမ်းမိုး သက်ရောက်မှုရှိစေပါတယ် ။
SAR ဆိုတာကတော့ Specific Absorption Rate ဖြစ်ပြီး လူခန္ဓာကိုယ်ကနေ ဓါတ်ရောင်ခြည်ကို ဘယ်လောက် ထိ စုပ်ယူသလဲဆိုတာကို တိုင်းတာတဲ့စနစ်တစ်ခုဖြစ်ပါတယ် ။ ဥရောပရဲ့ FCC ကနေ သတ်မှတ်မှုကတော့ 2 W/kg ဖြစ်ပြီး တစ်ရှူးတွေရဲ့ ၁၀ ဂရမ်ကို လွှမ်းမိုးမှုရှိပါတယ် ။
အပူချိန်ပြောင်းလဲမှု ( Thermal Effects)
မိုကခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေရဲ့ ကောင်းကောင်းနားလည်နိုင်တဲ့အချက်ကတော့ dielectric heating ဖြစ်ပြီး Dielectirc material တွေဖြစ်တဲ့ သက်ရှိတစ်ရှူးတွေဟာ Electromagnetic field ထဲမှာဆိုရင် Polar molecules တွေ လည့်ပတ်နေခြင်းကြောင့် အပူပေးခြင်းခံနေရပါတယ် ။ ဆဲလ်ဖုန်းတစ်လုံးကိုသုံးနေတဲ့ လူတစ်ယောက် မှာဆိုရင် ဒီလို heating effect ကို ဦးခေါင်းရဲ့မျက်နှာပြင်မှာ တွေ့နိုင်ပြီး အပူချိန် တက်လာခြင်းကို ဖြစ်စေပါတယ် ။ ဦးနောက်ထဲမှာရှိတဲ့ သွေးလည်ပတ်မှုစနစ်ဟာ local blood flow များလာ တာကြောင့် မလိုလားအပ်ပဲ အပူချိန်မြင့်မားလာခြင်းနဲ့ ရင်ဆိုင်နေရပါတယ် ။
Blood Brain Barrier Effects
Lund Univerisity မှ ဆွီဒင်လေ့လာသူများဖြစ်တဲ့ Salford, Brun, Persson , Edberhardt နဲ့ Malmgren ဆိုသူတို့က ကြွက်တွေရဲ့ ဦးနှောက်ထဲမှာ ဒီ မိုက်ခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေကိုလေ့လာမှုပြုလုပ်ခဲ့ကြပါတယ် ။ အဲဒီအခါ Blood - brain barrier ( ဦးနှောက်နှင့် သွေး ကြားသယ်ယူပို့ဆောင်ပေးသူ ) တွေကနေတဆင့် စိမ့်ဝင်ပျံ့နှံ့ပြီး albumin လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ထွက်ရှိနေခြင်း (Leakage) ကို ရှာတွေ့ခဲ့ကြပါတယ် ။ ဒါကို ထပ်မံသက်သေပြဖို့အတွက် Allan Frey, Oscar and Hawkins ,Albert နဲ့ Kerns ဆိုသူတို့က Blood Brain Barrier ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။
မိုဘိုင်းဖုန်းနှင့် ကင်ဆာရောဂါ
၂၀၀၆ ခုနှစ်တုန်းက မိုဘိုင်းဖုန်းနဲ့ ကင်ဆာရောဂါရဲ့ ဆက်နွယ်မှုကို သက်သေပြဖို့အတွက် Danish Study ဆိုပြီးစမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။ တခြား လေ့လာမှုတွေကတော့ 13 nation INTERPHONE Project လို့အမည်တွင်ပြီး မိုဘိုင်းဖုန်းနဲ့ ဦးနှောက်ကျူမာတွေရဲ့ ဆက်သွယ်မှုကိုလေ့လာခဲ့ကြပါတယ် ။ မိုဘိုင်းဖုန်း ဆက်သွယ်မှု ကြာမြင့်လာချိန်နဲ့ မိုဘိုင်းဖုန်း အမျိုးအစားတွေပြောင်းလဲလာမှုကြောင့် လူငယ်လူရွယ်တွေမှာ မိုဘိုင်းဖုန်းအသုံးပြုမှုနဲ့ ဦးနှောက်ကင်ဆာရဲ့ဆိုးကျိုးတွေကို ထပ်မံလေ့လာကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
Genetoxic effects
2008 ခုနှစ် Meta-analysis က ဘာကိုဖော်ပြထားသလဲဆိုရင် အချို့သောအခြေအနေတွေမှာဆိုရင် RF Radiation တွေဟာ genotoxic ( မျိုးဗီဇ အဆိပ်အတောက်ဖြစ်စေခြင်း ) ကိုတွေ့ရပါတယ်တဲ့ ။ ၂၀၀၉ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ Meta-study မှာဆိုရင်လည်း ၁၀၁ ယောက်စမ်းသပ်ခဲ့ရာမှာ ၄၂ ယောက်က ပုံမှန်ဖြစ်ပြီး ၄၉ ယောက် မှာ Genotoxic effect ရှိတာကိုတွေ့ခဲ့ရပါတယ် ။ ဒါကြောင့် RF- EMF ( Electormagnetic fields) တွေဟာ မျိုဗီဇ genetic material တွေကို နည်းလမ်းတစ်ခုထက်ပိုပြီး ပြောင်းလဲစေနိုင်တယ်ဆိုတာကို သက်သေတွေရှိနေပါပြီလို့ လေ့လာစမ်းသပ်သူတွေက ပြောခဲ့ကြပါတယ် ။ ၁၉၉၅ ခုနှစ်မှာလည်း Jounal Bioelectomagnetics မှာ Henry Lai နဲ့ Narenda P.Singh တို့ဖော်ပြခဲ့တာကတော့ U.S government standard အတိုင်း အန္တရာယ်ကင်းအဆင့်လို့သတ်မှတ်ထားတဲ့ microwave radiation ကို ၂ နာရီကြာ ထိတွေ့ပြီးတဲ့အခါ DNA ပျက်ဆီးသွားတာကို တွေ့ခဲ့ရခြင်းဖြစ်ပါတယ်တဲ့ ။ ဒီလိုအလားတူ DNA ကို ထိခိုက် မှုရှိကြောင်းကိုလည်း ဥရောပဖက်မှာလည်း သက်သေပြမှုတွေ စမ်းသပ်မှုတွေများစွာပြုလုပ်ခဲ့ကြပါတယ် ။ ၂၀၀၉ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သြစတေးလျ လေ့လာစမ်းသပ်မှုမှာတော့ လူရဲ့ သုတ်ကောင် Spermatozoa ကို radio-frequency 1.8 GHz နဲ့ Specific absorption rate SAR 0.4 to 27.5 W/kg အတွင်း စမ်းသပ်စေခဲ့ပါတယ် ။
အဖြေကတော့ သုတ်ကောင်တွေရဲ့ လှုပ်ရှားမှု နှုန်း Motality နဲ့ ရှင်သန်မှုနှုန်း Vitality ကို လျော့ ကျစေတာတွေ့ခဲ့ရပြီး Oxidative stress ကိုများစေတာလည်းတွေ့ခဲ့ရတယ် ။ ဒါကြောင့်အမျိုးသားတွေ အနေနဲ့ ဖုန်းကို မျိုးအဂါင်္နဲ့ နီးတဲ့ ခါးစပ်တွေနဲ့ ဘောင်းဘီ အိပ်ကပ်တွေထဲမထည့်ထားဖို့ အင်တာနက်စာမျက်နှာတွေမှာ ထွက်ပေါ် လာရခြင်းဖြစ်ပါတယ် ။ ပြီးတော့ 8-Oxo-2'-deoxyguanosiene markers တွေများလာပြီး ဒီအန်အေ ပိုင်းပြတ် မှုနှုန်း DNA fragmentation များလာတာကိုတွေ့ခဲ့ရပါသတဲ့ ။ မိုဘိုင်းဖုန်းနဲ့ ဆက်နွယ်နေ တဲ့အန္တရယ်တွေ ကို မီးမောင်းထိုးပြယုံပါပဲ ။
အကြံပေးချက်များ
၂၀၁၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ပြုလုပ်ထားတဲ့ WHO International Agancy for Research on Cancer မှာ ကြေငြာထားတာကတော့ မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ EMF ( Electromagnetic fields ) တွေနဲ့ တခြားအရာတွေက လူတွေကို ကင်ဆာဖြစ်နိုင်ခြေ "possibly carcinogenic to humans" ရှိတယ် လို့ ဖော်ပြထားပါတယ် ။ ပြီးတော့ အကြံပေးချက်တချို့ကိုလည်းရေးသားထားပါသေးတယ်
- ဦးခေါင်းပိုင်းကို ဓါတ်ရောင်ခြည်တိုက်ရိုက်မသက်ရောက်အောင်လို့ Hands-free သုံးစွဲပါ ။
- ခန္ဓာကိုယ်ကနေ တတ်နိုင်သမျှ ဖုန်းကို ဝေးဝေးမှာထားပါ ။
- ပြင်ပ အင်တာနာ မပါပဲနဲ့ကားထဲမှာ တယ်လီဖုန်းအသုံးမပြုပါနဲ့ ။
ကဲ ဒီလောက်ဆိုရင်တော့ မိုဘုန်းဖုန်းကနေထွက်တဲ့ EMF နဲ့ Micro wave တွေရဲ့ အန္တရာယ်ကို ရှင်းရှင်းလင်း လင်းသိကြပြီလို့ထင်ပါတယ် ။ အားလုံးပဲ နီးစပ်ရာကို မျှဝေပေးကြပါ ။ တတ်နိုင်သမျှ ကာကွယ်တဲ့ နည်း လမ်းတွေနဲ့ အန္တရာယ်တွေကို ရှောင်ရှားကြပါစို့ ။
သက်တန့်ချို
6/1/2012
Ref : http://en.wikipedia.org/wiki/Mobile_phone_radiation_and_health
^ "Market Data Summary (Q2 2009)". GSM Association. Retrieved 2010-01-30.
^ a b IARC classifies radiofrequency electromagnetic fields as possibly carcinogenic to humans. (PDF). World Health Organization press release N° 208 (International Agency for Research on Cancer). 2011-05-31. Retrieved 2011-06-02.
^ a b "Information: Wie gefährlich sind Handystrahlen wirklich?" (in German). Marktgemeinde Pressbaum. Retrieved 2008-01-23.
^ "Conclusions on mobile phones and radio frequency fields". European Commission Scientific Committee on Emerging and Newly Identified Health Risks (SCENIHR). Retrieved 2008-12-08.
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Thursday, December 10, 2015
စိုးရိမ်နေကြသည့်အိမ်နားကတာဝါတိုင်
ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူ ထားစဉ် / ဓာတ်ပုံ - ကျော်ဇင်သန်း
မိမိ အိမ်နှင့် ဆယ်ပေ အကွာတွင် ထိုးထိုး ထောင်ထောင် ထွက်နေသည့်
ဆောက်လုပ်ဆဲ မိုဘိုင်း ဆက်သွယ်ရေး တာဝါတိုင်ကို ဆက်လက် ဆောက်ခွင့်
မပြုရန် ဒေါက်တာ အလင်္ကာနှင့် အိမ်နီးချင်း လမ်းသူ လမ်းသားများ စုပေါင်း
တိုင်ပင် ခဲ့ကြသည်။
သို့သော် တာဝါတိုင် တည်ရှိရာ မြေသည် လမ်းသူ လမ်းသားများ ပိုင်ဆိုင်သော
မြေမဟုတ်ဘဲ အစိုးရပိုင် မြေဖြစ် နေ၍ အိမ်နီး ချင်းများ အားလုံး စုပေါင်း
ကန့်ကွက် မှသာ ရပ်တန့် သွားမည့် အနေ အထား ဖြစ်သည်။
ထို့ကြောင့် ဒေါက်တာ အလင်္ကာနှင့် အိမ်နီးချင်း အင်ဂျင်နီယာ တစ်ဦးတို့
ဦးဆောင် လမ်းသူ လမ်းသား များက လူနေအိမ် များနှင့် အလွန် နီးကပ်နေ၍
ကျန်းမာရေးနှင့် သဘာဝ ဘေးအန္တရာယ် ဆိုးကျိုး များသည်ဟု ဆိုကာ ဆောက်လုပ်
နေဆဲ တာဝါတိုင်ကို အပြီးတိုင် ဖျက်သိမ်းရန် အပြင်း အထန် ကန့်ကွက်
ခဲ့ကြသည်။
''ဆက်သွယ်ရေးတာဝါတိုင်က လူနေအိမ်တွေနဲ့နီးကပ်ပြီး လက်ရှိအချိန်မှာ
ကျန်းမာရေးကို မထိခိုက်ရင်တောင် နောင်လာမယ့်မျိုးဆက်အတွက်
ကျိန်းသေထိခိုက်မှာပါ။ အဲဒါကြောင့် အစ်မတို့ရပ်ကွက်သားတွေက
လုံးဝလက်မခံဘူး''ဟု ကလေးအထူးကုဆရာဝန် ဒေါက်တာအလင်္ကာက
တာဝါတိုင်ကိုမော့ကြည့်ရင်း စိုးရိမ်တကြီးပြောသည်။
ယင်းကဲ့သို့ ကန့်ကွက်မှုများကြောင့် ဆောက်လုပ်ဆဲတာဝါတိုင်ကို ရပ်ဆိုင်းခဲ့ရသည်။
ပြည်ပဆက်သွယ်ရေးအော်ပရေတာနှစ်ခု မြန်မာနိုင်ငံအတွင်း
လုပ်ကိုင်ခွင့်ရပြီးနောက် တာဝါတိုင်တည်ဆောက်မှုပြဿနာများ
ကျယ်ကျယ်လောင်လောင်ဖြစ်လာသည်။ ကန့်ကွက်သည့်သတင်းများ မကြာခဏပေါ်ထွက်လာသည်။
မိုဘိုင်းဖုန်းကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနေသည်ဟူသော
သတင်းအချို့ကြောင့် ဆက်သွယ်ရေးတာဝါတိုင်များနှင့် ပတ်သက်၍
လူထု၏စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ဖေဖော်ဝါရီလဆန်းပိုင်းတွင်
ပြည်ပဆက်သွယ်ရေးအော်ပရေတာနှစ်ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်
ပေးအပ်ပြီးနောက်ပိုင်း အဆိုပါအော်ပရေတာနှစ်ခုသည်
ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရန် တာဝါတိုင်များ တည်ဆောက်လာခဲ့သည်။
နှစ်ပေါင်းများစွာ တစ်ဦးတည်း ဦးဆောင်ပြေးနေသည့်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်လည်း ပြိုင်ဘက်များရှိလာချိန်၌
တာဝါတိုင်အရေအတွက်ကို တိုးချဲ့ခဲ့သည်။
မူလက တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးတာဝါတိုင် ၁,၀၀၀ ကျော်သာရှိခဲ့ပြီး
အော်ပရေတာသုံးခု ယှဉ်ပြိုင်ချိန်၌ တစ်နှစ်အတွင်း ဆက်သွယ်ရေးတာဝါတိုင်
၎,၀၀၀ ကျော်ထိ တိုးပွားလာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ မြို့နယ်ပေါင်း ၃၂၂ ခုတွင်
မိုဘိုင်းဆက်သွယ်ရေးစခန်းပေါင်း ၆,၀၀၀ ကျော်ရှိပြီး
မိုဘိုင်းဖုန်းအသုံးပြုသူပေါင်း ၂၁ သန်းကျော်ရှိကြောင်း ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ခြောက်လခန့်မှ စတင်ကာ မြန်မာနိုင်ငံ၏
ဆက်သွယ်ရေးမိုဘိုင်းဖုန်းသိပ်သည်းဆနှုန်းသည် သိသာထင်ရှားစွာ
တိုးပွားလာသည့်နည်းတူ ဆက်သွယ်ရေးလုပ်ငန်းအတွက် မရှိမဖြစ်
တာဝါတိုင်များကို လူနေတိုက်တာခေါင်မိုးနှင့် အစိုးရပိုင်
ခြံဝင်းများအတွင်း ခပ်စိပ်စိပ်မြင်တွေ့ရမည်ဖြစ်သည်။
ဆက်သွယ်ရေးအော်ပရေတာများသည် ၎င်းတို့၏ကွန်ရက် ကောင်းမွန်ရန်
တာဝါတိုင်များကို လူနေသည့် တိုက်တာခေါင်မိုးပေါ်တွင်ဖြစ်စေ၊
လူနေရပ်ကွက်တွင်းရှိ ခြံဝင်းတွင်ဖြစ်စေ၊ အစိုးရပိုင်ဌာနဆိုင်ရာ
ဝင်းထဲတွင်ဖြစ်စေ နေရာအနှံ့စိုက်ထူလာခြင်းဖြစ်သည်။
၂၀၁၄ ဒီဇင်ဘာက လှည်းကူးမြို့နယ်အတွင်းရှိ ဒါးပိန်ကျေးရွာတွင်
တာဝါတိုင်တည်ဆောက်ရန်စီစဉ်နေခြင်းကို ဒေသခံ ၁၀၀ ခန့်က
ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။ ယင်းဖြစ်ရပ်သည်လည်း
ကျန်းမာရေးထိခိုက်မှုရှိလာမည်ကို ဒေသခံများက
စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။
သို့ရာတွင် ဆက်သွယ်ရေးတာဝါတိုင်များကြောင့် လူ့ကျန်းမာရေးကို မည်ကဲ့သို့
ဆိုးကျိုးဖြစ်မည်နှင့် မည်သည့်ရောဂါများခံစားရနိုင်သည်ကို
တိတိကျကျမသိရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။
''ကာလကြာရှည် ဖုန်းအရမ်းပြောတဲ့သူတွေ ကင်ဆာရောဂါ ဖြစ်နိုင်တယ်ဆိုတာ
သတင်းစာတွေထဲမှာ ဖတ်ဖူးတယ်။ ပြီးတော့ ဒီတာဝါတိုင်က
လူနေရပ်ကွက်အတွင်းမှာဆိုတော့ အားလုံးအတွက် အန္တရာယ်ဖြစ်မယ်ထင်လို့ အခုလို
ကန့်ကွက်ကြတာပါ''ဟု ၎င်းကဆိုသည်။
ဆက်သွယ်ရေးအော်ပရေတာဖြစ်စေ၊ တာဝါတိုင်သီးသန့်ဆောက်လုပ်သည့်ကုမ္ပဏီဖြစ်စေ
လူနေခြံဝင်းနှင့် တိုက်တာခေါင်မိုးပေါ်တွင် တာဝါတိုင်ဆောက်လုပ်ရန်
အိမ်ပိုင်ရှင်၊ ခြံပိုင်ရှင်များနှင့် ငှားရမ်းခညှိနှိုင်းရပြီး
အစိုးရပိုင် ဌာနဆိုင်ရာဝင်းအတွင်းဖြစ်ပါက ရန်ကုန်မြို့တွင်း တစ်လလျှင်
ကျပ်သုံးသိန်းခန့်နှင့် မြို့ပြင်တစ်လလျှင် ကျပ်နှစ်သိန်းခန့်ဖြင့်
ငှားရမ်းရလေ့ရှိသည်။
မြေအလွတ်ရှိသူ ခြံပိုင်ရှင်၊ အိမ်ပိုင်ရှင်များသည် ၁၀ ပေနှင့် ၈ ပေအကြား
မြေကွက်လပ်အတွက် တစ်လလျှင် ကျပ်သုံးသိန်းခန့်ရရှိပြီး မက်မောလောက်သည့်
နှစ်ရှည်စာချုပ်ချုပ်ဆိုခြင်းကြောင့် တာဝါတိုင်မှထုတ်လွှင့်သည့်
ရေဒီယိုလှိုင်းများနှင့် သံလိုက်စက်ကွင်းများကို ဂရုမပြုနိုင်ဘဲ
အော်ပရေတာနှင့် တာဝါတိုင်ဆောက်လုပ်သည့်ကုမ္ပဏီများ၏ ကမ်းလှမ်းမှုများကို
ငြင်းဆန်နိုင်စွမ်းမရှိကြဟုဆိုသည်။
မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေဒီယိုစခန်းများ
တိုးချဲ့တည်ဆောက်သည့်အပေါ်တွင် ပြည်သူများက ကျန်းမာရေးဆိုင်ရာ
စိုးရိမ်မှုများရှိနေ၍ နိုင်ငံတကာသုတေသနများနှင့်အညီ
ကျန်းမာရေးနှင့်စပ်လျဉ်းပြီး မှန်ကန်သော အသိပညာများပေးနိုင်ရန်
ဆောင်ရွက်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားထားသည်။
ပြီးခဲ့သည့်မတ်လက အပြည်ပြည်ဆိုင်ရာမိုဘိုင်းအော်ပရေတာအဖွဲ့ (GSMA)၊
နိုင်ငံတကာဆက်သွယ်ရေးကွန်ရက် တည်ဆောက်သောကုမ္ပဏီ Ericsson တို့မှ
သုတေသနပညာရှင်များနှင့် ဆက်သွယ်ရေးအော်ပရေတာသုံးခုတို့ ပူးပေါင်းကာ
ရန်ကုန်နှင့် မန္တလေးတို့တွင်ရှိသော တာဝါတိုင်များကို ၁၀ ရက်ကြာ
တိုင်းတာမှုများပြုလုပ်ခဲ့သည်။
ဆက်သွယ်ရေးတာဝါတိုင်များမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းများသည်
အလွန်အားနည်းသည့်အတွက် ပြည်သူများ ကျန်းမာရေးထိခိုက်ဖွယ်ရှိသည်ဟု
ယူဆရသည့် သက်သေအထောက်အထားများကို နိုင်ငံတကာမှ သိပ္ပံပညာရှင်များ
မတွေ့ရှိသေးကြောင်း GSMA က ဆိုသည်။
''တာဝါတိုင်တွေက ကျန်းမာရေးထိခိုက်စေတယ်ဆိုတဲ့ အထောက်အထားမျိုးကို
နိုင်ငံတကာက သိပ္ပံပညာရှင်တွေဟာ ရှာဖွေတွေ့ရှိထားတာမျိုး မရှိသေးပါဘူး။
မြန်မာနိုင်ငံက အော်ပရေတာတွေ သုံးနေတဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေကလည်း
နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ ညီညွတ်မှုရှိတယ်ဆိုတာကို မကြာခင်က
တိုင်းတာတွေ့ရှိခဲ့ပါတယ်''ဟု GSMA ဒါရိုက်တာ Dr.Jack Rowley ကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်
အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ (ITU) တို့၏ သတ်မှတ်ချက်များနှင့်အညီ
ဆောင်ရွက်နေကြောင်း ဦးမြတ်ဟိန်းက ပြောကြားထားသည်။
သို့သော်လည်း မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးတာဝါတိုင်များမှ ထုတ်လွှင့်သည့်
ရေဒီယိုလှိုင်းပမာဏသည် ပြည်သူများအား အန္တရာယ်မဖြစ်နိုင်ဟုသာ ကြေညာထားပြီး
လှိုင်းနှုန်းပမာဏ မည်မျှများပြားလျှင် ကျန်းမာရေးထိခိုက်နိုင်သည်၊
မည်သည့်ပမာဏအောက်ဆိုလျှင် စိုးရိမ်ဖွယ်မရှိဟုသော အခြေအနေများနှင့်ပတ်သက်၍
သက်ဆိုင်ရာအဖွဲ့အစည်းများက အချက်အလက်အကိုးအကားဖြင့် အသိပညာပေးခြင်းမရှိ။
ထို့အပြင် ယင်းအချက်ကို အချိန်ပြည့်လေ့လာတိုင်းတာပြီး
စောင့်ကြည့်စစ်ဆေးသည့် အဖွဲ့အစည်းမရှိသေးပေ။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေးအော်ပရေတာများ၏
လုပ်ဆောင်ချက်အားလုံးကို စောင့်ကြည့်ကြီးကြပ်ရသော်လည်း
တာဝါတိုင်နှင့်ပတ်သက်၍ ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ
ကျန်းမာရေးအသိပေးခြင်းမရှိသေို့သော်လည်း မြန်မာနိုင်ငံရှိ
ဆက်သွယ်ရေးတာဝါတိုင်များမှ ထုတ်လွှင့်သည့် ရေဒီယိုလှိုင်းပမာဏသည်
ပြည်သူများအား အန္တရာယ်မဖြစ်နိုင်ဟုသာ ကြေညာထားပြီး လှိုင်းနှုန်းပမာဏ
မည်မျှများပြားလျှင် ကျန်းမာရေးထိခိုက်နိုင်သည်၊
မည်သည့်ပမာဏအောက်ဆိုလျှင် စိုးရိမ်ဖွယ်မရှိဟုသော အခြေအနေများနှင့်ပတ်သက်၍
သက်ဆိုင်ရာအဖွဲ့အစည်းများက အချက်အလက်အကိုးအကားဖြင့် အသိပညာပေးခြင်းမရှိ။
ထို့အပြင် ယင်းအချက်ကို အချိန်ပြည့်လေ့လာတိုင်းတာပြီး
စောင့်ကြည့်စစ်ဆေးသည့် အဖွဲ့အစည်းမရှိသေးပေ။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေးအော်ပရေတာများ၏
လုပ်ဆောင်ချက်အားလုံးကို စောင့်ကြည့်ကြီးကြပ်ရသော်လည်း
တာဝါတိုင်နှင့်ပတ်သက်၍ ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ
ကျန်းမာရေးအသိပေးခြင်းမရှိပေ။
မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော
မိုဘိုင်းစက်ပစ္စည်းများကိုသာ အသုံးပြုထားကြောင်းတွေ့ရပြီး
တာဝါတိုင်မြင့်လျှင် သံလိုက်စက်ကွင်းများ ပို၍ထုတ်လွှင့်နိုင်သည်ဟု
လူအများက ယူဆကြသော်လည်း သံလိုက်စက်ကွင်းများကို ယင်းတာဝါတိုင်များက
ထုတ်လွှင့်ခြင်းမဟုတ်ဘဲ တာဝါတိုင်ထိပ်ရှိ အင်တင်နာများက
ထုတ်လွှင့်သည့်အတွက် မြေပြင်တွင် သံလိုက်စက်ကွင်းအနည်းငယ်သာရှိကြောင်း
GSMA သုတေသနဆိုင်ရာ ဒါရိုက်တာ Dr.Jack Rowley က ရှင်းပြသည်။
မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးတာဝါတိုင်များမှ ထုတ်လွှင့်သည့်
ရေဒီယိုလှိုင်းများနှင့် သံလိုက်စက်ကွင်းများသည် သုံးစွဲသူနှင့်
ဘေးပတ်ဝန်းကျင်ရှိလူများအား ကျန်းမာရေးအရ ဆိုးကျိုးများ
ဖြစ်ပေါ်စေနိုင်သည်ဟု နိုင်ငံတကာစစ်တမ်းအချို့က စာရင်းပြုစုသည်။
သို့သော်လည်း ကင်ဆာကဲ့သို့သော လူ၏ကျန်းမာရေးကို ဆိုးရွားစွာ
ထိခိုက်စေမည့်အန္တရာယ်ရှိမှု၊ မရှိမှုအတွက် တိကျစွာအဖြေထွက်ပေါ်ရန်
ဆေးဘက်ဆိုင်ရာ သက်သေအချက်အလက်နှင့် ယုံကြည်နိုင်ဖွယ်ရှိသည့်
အတည်ပြုချက်များ လိုအပ်နေဆဲဖြစ်သည်။ ထို့အပြင် နိုင်ငံတကာတွင်
တာဝါတိုင်များကို ဆက်သွယ်ရေးကုမ္ပဏီများက လူနေအိမ်နှင့်
မည်သည့်အကွာအဝေးတွင် ဆောက်လုပ်သင့်ကြောင်းကို
တိကျစွာသတ်မှတ်ထားခြင်းမရှိဘဲ နိုင်ငံအလိုက်
ကိုယ်ပိုင်စည်းကမ်းဥပဒေများဖြင့်သာ လုပ်ဆောင်လေ့ရှိသည်။
''ပြည်သူအများစုက တာဝါတိုင်တွေကထွက်တဲ့ ရေဒီယိုသံလိုက်လှိုင်းတွေဟာ
ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုပြီး စိုးရိမ်နေတာတွေ့ရတယ်။
ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကြိုးမဲ့ဖုန်းဆက်သွယ်မှုစနစ်ဟာ
အိမ်တွေမှာ သုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေလောက်တောင်
လှိုင်းနှုန်းထုတ်လွှင့်မှုမပြင်းထန်ဘူးဆိုတာပါပဲ''ဟု
ပြည်ပဆက်သွယ်ရေးအော်ပရေတာ တယ်လီနောမြန်မာ၏ စီအီးအို မစ္စတာပီတာဖာဘတ်က
ပြောသည်။
မည်သို့ပင်ဆိုစေကာမူ လူနေအိမ်များနှင့် နီးကပ်စွာ
ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူခြင်းသည် ကျန်းမာရေးအတွက်
လတ်တလောအန္တရာယ်မဖြစ်နိုင်ပါကလည်း မြန်မာနိုင်ငံ၏ ငလျင်ကြောကြောင့် အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်၍ လူနေအိမ်များနှင့် အကွာအဝေးကို သတိချပ်စေလိုကြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးက ထောက်ပြသည်။
‘‘ဆက်သွယ်ရေးကောင်းဖို့အတွက် တာဝါတိုင်တွေက အများကြီးထပ်စိုက်နေရဦးမှာပဲ။ ဒါပေမဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းဆိုတာရှိတယ်။ အဲဒီထက်ကျော်ရင်တော့ ကျန်းမာရေးထိခိုက်မှုကဖြစ်မှာပဲ။ ဒါကြောင့် တာဝါတိုင်စိုက်တယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့ ပြတ်ပြတ်သားသားလုပ်ထားရမယ်’’ဟု ကျန်းမာရေးဝန်ကြီးဌာန လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦးက သုံးသပ်ပြောကြားသည်။
မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း သိထားရမယ့် မိုဘိုင်းဖုန်း ရေဒီယိုလှိုင်း (ဖတ်ဖြစ်အောင်ဖတ်ပါ)
ပုံကို ပြလို့ ကြောက်မသွားပါနဲ့။ ပုံကတော့ နည်းနည်းပိုပါတယ်။ ဒါပေမယ့်
SAR rating လွန်ကဲတဲ့ ပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ လုပ်ကိုင်ရင်တော့ ပုံမှာ
ပြထားတာထက်လည်း ဆိုးကောင်းဆိုးသွား ပါလိမ့်မယ်။ ဒီတော့ SAR အကြောင်းလေး
မျှဝေပါရေစေ။
SAR ဆိုတာ ဘာလဲ
SAR ဆိုတာ Specific Absorption Rate ဖြစ်ပါတယ်။ ဦးနှောက်နဲ့
ခန္ဓာကိုယ်ရဲ့ တစ်ရှုး (အသားက) က လျှပ်စစ်သံလိုက်ဓာတ်အားကို ဆွဲငင်ယူတဲ့
နှုန်းထား ဖြစ်ပါတယ်။ သူ့ရဲ့ တိုင်းတာမှုက တစ်ကီလိုဂရမ်သော တစ်ရှူးဟာ
လျှပ်စစ်သံလိုက်ဓာတ်အား (Electro Magnetic Wave) လှိုင်း Watt ပမာဏ
ဘယ်လောက်ထိကို ဆွဲယူ စားသုံးတယ်ဆိုတာနဲ့ ဖြစ်ပါတယ်။ ဒီတော့ အင်္ဂလိပ်လို
ရေးမယ်ဆိုရင် Watt/Kilogram ပါ။
ကမ္ဘာ့ မိုဘိုင်းဖုန်း ကျန်းမာရေးနဲ့ ကော်မရှင် အဖွဲ့ အနေနဲ့
မိုဘိုင်းဖုန်းတွေအတွက် အမြင့်ဆုံး SAR ကို 1.6 လို့ သတ်မှတ်ထားပါတယ်။
အဲ့ဒီထက် SAR ပိုတဲ့ မိုဘိုင်းဖုန်းများ မထုတ်ရလို့ တားမြစ်ထားတာကြောင့်
Officially register လုပ်ပြီး ကမ္ဘာ အနှံ့ဖြန့်တဲ့ ဖုန်းတွေဆိုရင်တော့
စိတ်ချစွာ အသုံးပြုနိုင် ပါတယ်။
SAR ဆိုးကျိုး
SAR များရင် ဘာဖြစ်မလဲလို့ မေးကောင်းမေးချင်ပါလိမ့်မယ်။ ဟုတ်ကဲ့။ SAR
တန်ဖိုး ထောင်ဂဏန်း၊ သောင်းဂဏန်းတို့ကို ဓာတ်မှန်ရိုက်တဲ့
ဓာတ်ခွဲခန်းတွေ၊ ရေဒီိယို သတ္တိကြွ ဗုံးနဲ့ လက်နက် ထုတ်တဲ့ နေရာတွေမှာ
တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်း ဖုန်းသုံးနေခြင်းဟာ
မိမိရဲ့ ဦးနှောက် နဲ့ ခန္ဓာကိုယ် တစ်ရှူးစများကို Electromagnetic wave
စားသုံးခွင့်ပေးထားခြင်း ဖြစ်ပါတယ်။
SAR က ဘာ အကျိုးပြုသလဲ
သူ့အနေနဲ့ ဖုန်းအားနည်းရင် radiation ပိုများသလားလို့ မေးကြပါတယ်။
အဲ့ဒါတော့ မသိပါ။ ဒါပေမယ့် ဖုန်းနဲ့ ဖုန်းလိုင်း ဆက်သွယ်ရာ တာဝါတိုင်နဲ့
ဝေးလေလေ Radtion များလေလေ ဖြစ်ပါတယ်။ SAR က ဘာကို အကျိုးပြုသလဲ ဆိုတော့
ဆက်သွယ်ရေး wave ကို ပိုလို့ သန်မာစေဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်
ပြောရင် SAR မြင့်တဲ့ ဖုန်းတွေက နိမ့်တဲ့ဖုန်းတွေထက် များသော အားဖြင့်
ဖုန်းလိုင်းဆွဲအား ကောင်းပါလိမ့်မယ်။ ဒါကြောင့်မို့ အရင်က
ကီးဘုတ်ဖုန်းတွေ၊ တရုတ်ပြည်လာ ကီးဘုတ်နဲ့ အခြားသော brand လူသိနည်း
ဖုန်းတွေ လိုင်းဆွဲအား ကောင်းခြင်းပါ။ ဒီတော့ SAR က 1 လို့ ဖုန်းမှာ
ပါထားရင် သူ့အနေနဲ့ base station နဲ့ အရမ်းဝေးနေရင် value 1 အထိ
radiation လွတ်ပြီး အဲ့ဒီထက်လွတ်ရင် လိုင်းပိုဆွဲမှာ ဖြစ်ပေမယ့်
သူ့အနေနဲ့ ကျန်းမာရေးထိခိုက်မှာ ဖြစ်တာကြောင့် လိုင်း ဆွဲခွင့် မပေးတော့
ပါဘူး။ ဒါကြောင့်မို့ No Service ဖြစ်နေတာကို ဖုန်းထုတ်သူကိုပဲဖြစ်ဖြစ်
ကျေးဇူးတင်ကောင်း တင်ရပါလိမ့်မယ်။
SAR ထိခိုက်မှု နည်းအောင် ရှောင်နည်း၊ သုံးနည်း
SAR rate absorption ကို head နဲ့ body ဆိုပြီးတော့
နှစ်မျိုးခွဲထားပါတယ်။ အကြောင်းကတော့ ဖုန်းပြောနေမှ မဟုတ်ပဲ ဘော်ဒီ
အိတ်ကပ်တစ်ခုခုထဲ ထည့်ထားတာမျိုး၊ အိပ်ယာဘေးမှာ ထားတာမျိုးတို့ကလည်း
ထိခိုက်လို့ပါ။ iPhone ဆိုရင် 5mm ခြားပြီး ဖုန်းပြောစေဖို့
အကြံပေးပါတယ်။ အကယ်၍ ထိခိုက်မှု အသက်သာဆုံး ဖြစ်ချင်တယ်ဆိုရင် နားကြပ်
တပ်ပြောခြင်း သို့မဟုတ် စပီကာ ဖွင့်ပြောခြင်းတို့ လုပ်ဖို့ အကြံပေးပါတယ်။
bluetooth နားကြပ်နဲ့ ပြောမယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် bluetooth
နားကြပ်ဝယ်တဲ့အခါလည်း SAR ဘယ်လောက်ရှိတယ်ဆိုတာ ဗူးမှာ သေချာ စစ်ကြည့်ပါ။
များသောအားဖြင့်ကတော့ သူက ဖုန်းတွေထက် နည်းပါတယ်။ ဒါနဲ့ SAR ဆိုတာ
ဖုန်းမှာပဲ ထွက်တာ မဟုတ်ပါဘူး။ လူတို့ နေ့စဉ်သုံးတဲ့ အီလက်ထရောနစ်
ပစ္စည်းတိုင်းက ထွက်ပါတယ်။ သူတို့ကလည်း ကျန်းမာရေး ဆိုင်ရာ authority
အသိအမှတ်ပြု limit ကို မကျော်ပါဘူး။ မီးဖို၊ အဲကွန်း၊ တီဗီ
အစရှိသဖြင့်တို့လည်း ပါဝင်ပါတယ်။
SAR အနည်းအများ စစ်နည်း
ဒီတော့ မစိုးရိမ်ပါနဲ့..။ ဖုန်းတွေ သုံးမယ်ဆိုရင် Branded တွေကို
သုံးခြင်းဖြင့် SAR limit အောက်မှာ ရှိနိုင်ပါတယ်။ ဒါက အလွယ်နည်း
ပြောလိုက်တာပါ။ SAR value ကို စစ်တဲ့ နည်းလမ်း ရှိပါတယ်။ USSD Code
သုံးရမှာပါ။
*#07# ကို ရိုက်ပြီးတော့ ဖုန်းခေါ်ပါ။ SAR value ကို ဖော်ပြ ပါလိမ့်မယ်။
iPhone ဆိုရင် SAR Value အတွက် ဝဘ်ဆိုဒ်တစ်ခုကို ညွန်းပါလိမ့်မယ်။
ဥပမာအားဖြင့် –
iPhone 6:>> 1.59 W/kg
LG G3:>> 0.99 W/kg
LG G2:>> 1.44 W/kg
Samsung Galaxy Note 2:>> 0.42 W/kg
Samsung Galaxy Note 3:>> 1.07 W/kg
Samsung Galaxy Note 4:>> 1.20 W/kg
Samsung Galaxy S5:>> 1.28 W/kg
HTC One (M8):>> 1.29 W/kg
အသီးသီး ရှိပါတယ်။ မိုဘိုင်းကျန်းမာရေး အသိရှိစေဖို့ ရေးသား မျှဝေပေးလိုက်ရ ပါတယ်။
.
အောင်ခမ်း (MMAS)
Wednesday, November 11, 2015
Subscribe to:
Posts (Atom)








